ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာတွင် ကမ်းပါးရံပြိုကျ၍ လူနေအိမ်ပြောင်းရွှေ့

ဟုမ္မလင်း အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ အထက်ပိုင်း ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကက်သာကျေးရွာနေ ဦးစံလူ၏ နေအိမ်တွင် ကမ်းပါးပြိုကျမှုကြောင့် မြေစာများ ဝင်ရောက်၍ ပြောင်းရွှေ့နေရကြောင်း သိရသည်။

ကမ်းပါးရံပြိုကျကာ မြေစာများရိုက်ခတ်၍ အိမ်တွင်းဝင်ရောက်နေမှုကြောင့် နေထိုင်မရသည့် နေအိမ် သို့ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ် ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်း၍ အိမ်တွင်းရှိပစ္စည်းများကို ဆွေမျိုးများအိမ်သို့ ကူညီ ပြောင်းရွှေ့ပေးခဲ့ပြီး နေအိမ်အား ကြိုတင်ဖျက်သိမ်းပေးခဲ့ကြောင်း သိရသည်။

ချန်လော (ဟုမ္မလင်း)