ဆီဆိုင် အောက်တိုဘာ ၂၅
“ကျေးလက်လူထုအခြေပြု ဖွံ့ဖြိုးမှုကို တို့ရှေးရှု” ဆောင်ပုဒ်နှင့်အညီ ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်ကို လက်လှမ်းမီရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ဆီဆိုင်မြို့နယ် လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)တွင် စီမံကိန်းရန်ပုံငွေေကျပ် (၁၉၉၅) သန်းဖြင့် စီမံကိန်းလုပ်ငန်းခွဲပေါင်း (၁၈၆) ခု ကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)တွင် စီမံကိန်းရန်ပုံငွေ ကျပ်(၁၉၉၅)သန်း ဖြင့် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်း(၈၃)ခု၊ တံတားတည်ဆောက်ခြင်းလုပ်ငန်း(၆) ခု၊ မီးရရှိရေးလုပ်ငန်း(၄)ခု၊ ပညာရေးဆိုင်ရာအဆောက်အဦ (၃၇)ခု၊ ရေရရှိရေးလုပ်ငန်း(၂၅)ခု၊ ကျန်းမာရေးနှင့်ဆိုင်သော အဆောက် အဦ (၁)ခု၊ ကျေးရွာအဆောက်အဦ(၂၈) ခု၊ အခြားအဆောက်အဦ(၂) ခု၊ စုစုပေါင်းစီမံကိန်း လုပ်ငန်း ခွဲပေါင်း(၁၈၆)ခု အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ကျေးရွာ အုပ်စု (၁၃) အုပ်စု၊ ကျေးရွာပေါင်း (၁၈၇) ရွာ၊ အိမ်ထောင်စုပေါင်း(၁၉၆၆၂) မှ လူဦးရေ (၁၀၇၃၁၁) ဦး အကျိုးခံစားခွင့်ရရှိခဲ့ကြောင်း ဆီဆိုင်မြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံးမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်ယဉ်ယဉ်အေး ထံမှ သိရသည်။
ဆီဆိုင်မြို့နယ်လူထုဗဟိုပြုစီမံကိန်း ပထမနှစ်စက်ဝန်းတွင် စီမံကိန်းရန်ပုံငွေ ကျပ်(၁၄၃၀) သန်း ဖြင့် လုပ်ငန်းခွဲပေါင်း (၁၉၉)၊ ဒုတိယနှစ်စက်ဝန်းတွင် စီမံကိန်းရန်ပုံငွေ ကျပ်(၁၄၉၀) သန်းဖြင့် လုပ်ငန်းခွဲ ပေါင်း(၁၆၁) ခု၊ တတိယနှစ် စက်ဝန်းတွင် စီမံကိန်းရန်ပုံငွေကျပ်(၁၉၉၅)သန်းဖြင့် လုပ်ငန်းခွဲ ပေါင်း (၁၇၇)ခု၊ ယခု စတုတ္ထနှစ်စက်ဝန်းတွင် စီမံကိန်း ရန်ပုံငွေကျပ် (၁၉၉၅)သန်းဖြင့် လုပ်ငန်းခွဲ ပေါင်း(၁၈၆) ခု၊ (၄)နှစ်အတွင်း စီမံကိန်းရန်ပုံငွေကျပ်(၆၉၁၀) သန်းဖြင့် စီမံကိန်းလုပ်ငန်းခွဲ ပေါင်း(၇၂၃) ခု ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)