မူဆယ် အောက်တိုဘာ ၂၅
(၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၌ ပြုလုပ်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မူဆယ် ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့တို့မှ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က မူဆယ်မြို့၊ အထက(၂)အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွား သင်တန်းကို ဆက်လက်ပို့ချလျက်ရှိ သည်။
အဆိုပါ သင်တန်းတွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ဘာသာရပ်များဖြစ်သည့် ရပ်/ကျေးကော်မရှင် အဖွဲ့ဝင်များ၏ အခန်းကဏ္ဍနှင့် မဲရုံဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မီဒီယာများနှင့် စောင့်ကြည့်လေ့လာသူများ စီမံခန့်ခွဲခြင်း၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအစီအမံ များ၊ မဲရုံဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု/ပြစ်ဒဏ်များ၊ တရားမဲ့ ပြုကျင့်မှုများ၊ မဲရုံပိတ်ခြင်း၊ မဲရေတွက်ခြင်း၊ ရလဒ်ဇယာများအား ဖော်ပြခြင်းနှင့် မဲရုံပုံစံ သရုပ်ပြခြင်းတို့ကို မူဆယ်မြို့၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာသင်တန်းနည်းပြများက စနစ်တစ်ကျပို့ချခဲ့ပြီး သင်တန်းသားစုစုပေါင်း(၁၅၀)ဦး တက်ရောက်ကြသည်။
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ မဲဆန္ဒရှင်လူဦးရေ(၁၅၀၀၀)ကျော်နှင့် မဲရုံစုစုပေါင်း(၃၁)ရုံ၊ ပန်ဆိုင်း(ကြူကုတ်) မြို့၌ မဲန္ဒရှင် လူဦးရေ(၁၈၈၀၀)ကျော်နှင့် မဲရုံ စုစုပေါင်း(၁၆)ရုံတို့ကို ထားရှိဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)