ကျိုက်မ​ရော၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ ​ရွေး​ကောက်ပွဲကျင်းပနိုင်​ရေး မဲရုံများပြင်ဆင်​ဆောင်ရွက်​နေမှုအား တာဝန်ရှိသူများစစ်​ဆေး

ကျိုက်မ​ရော       ​အောက်တို  ဘာ  ၂၆


၂၀၂၀ ပြည့်နှစ် ၊ပါတီစုံ ဒီမိုက​ရေစီ အ​ထွေ​​ထွေ​ရွေး​ကောက်ပွဲကျင်းပနိုင်​ရေးအတွက် မဲရုံများပြင်​ဆင်​ဆောင်ရွက်​နေမှုအား ယ​နေ့ နံနက် ၉နာရီခန့်က ကျိုက်မ​ရောမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့်တာဝန်ရှိသူများကအံကရဲ​ကျေးရွာအ​ခြေခံပညာ အလယ်တန်း​ကျောင်းခွဲ ၌​ဆောင်ရွက် လျက်ရှိသည့်မဲရုံများအားကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့ကြ​ကြောင်းသိရသည်။
ထိုသို့စစ်​ဆေးရာတွင် ​ကျေးရွာရပ်/​ကျေး​ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်း​ရေးမှူးများ နှင့်​တွေ့ဆုံ၍ မံရုံ​များ​ဆောက်လုပ်ရာတွင် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေးလမ်း ညွန်ချက်များနှင့် အညီပြင်ဆင်​ဆောက်ရွက်ထား​ရေး၊ မဲရုံဧရိယာအ​​ဆောက်အဦအ​ကျယ်အဝန်း၊ မဲရုံပြင်ပတွင်မဲ​ပေးမည့်သူများအားSocial Distancingနှင့်အညီ​နေရာများ သတ်မှတ်ထားရှိရန်၊ မဲရုံအဝင်၌     လက်​ဆေး​ဘေစင်များ လက်သန့်​ဆေးရည်များ ထားရှိ ရန် မဲ​ပေးမည့်​နေ့တွင် မဲဆန္ဒရှင် ပြည်သူများ နှာ​ခေါင်းစည်းများ စနစ်တကျ တပ်ဆင်လာကြရန် ​ဆော်သြမှုများပြုလုပ်ထားရန်တို့ကို လမ်းညွှန် မှာကြားပြီး လိုအပ်သည်များကိုဖြည့်စွက်မှာကြား​ပေးခဲ့သည်။
အဆိုပါမဲရုံများပြင်ဆင်​ဆောင်ရွက်မှုများကို နိုဝင်ဘာလ ၆ရက်​နေ့တွင် အပြီးသတ်​ဆောင်ရွက်​ပေးရမည်ဖြစ်​ကြောင်း​မြို့နယ်ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
 ချိုချို (ပြန်/ဆက် )