ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် မဲရုံသုံးပစ္စည်းများစတင်ထုတ်ပေး

ကျွန်းလှ အောက်တိုဘာ ၂၆


         စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်အသုံးပြုမည့်မဲရုံသုံးပစ္စည်းများကို ယနေ့နံနက်ပိုင်းကရပ်ကွက်၊ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့စတင်ထုတ်ပေးကြောင်းသိရသည်။

ထိုသို့ထုတ်ပေးရာတွင်မဲပုံးများ၊ဆန္ဒပြုခန်းသုံးပစ္စည်းများ၊လုံခြုံရေးကြိုးများ၊မဲရေတွက်ရန်ခြင်းများ၊ခိုင်လုံမဲ၊ပယ်မဲနှင့်မဲရေတွက်ခြင်းအခင်းအကျင်းနမူနာပုံစံများ၊အသိပညာပေးဗွီနှိုင်းပိုစတာများ၊လက်ကမ်းစာစောင်များ၊မဲရုံအတွက်လိုအပ်သောပစ္စည်းများထုတ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိဒေါ်လဲ့လဲ့မွန်ကပြောကြားသည်။
ကျွန်းလှမြို့နယ်တွင်ရပ်ကွက်(၄)ရပ်ကွက်၊ကျေးရွာအုပ်စု(၃၄)အုပ်စု၊ကျေးရွာပေါင်း(၁၁၄)ရွာရှိပြီး၊မဲရုံ(၉၁)ရုံရှိကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
မျိုးဝင်းညို (ကျွန်းလှ)