မြောင်းမြ အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် အလှူရှင်များက မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန့်ရေးကော်မတီသို့ ယနေ့ နံနက်(၁၀)နာရီ က အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြောင်းမြမြို့ အဟ်မဒီယာမူဆလင်အဖွဲ့ချုပ်မှ အလှူငွေကျပ် ငါးသိန်းနှင့် ဒေါက်တာရဲဝင်းအောင်နှင့် ဇနီးဒေါက်တာရည်မွန်အောင်(အောင်အထူးကုဆေးရုံ) တို့မှ အလှူငွေကျပ်တစ်သိန်းတို့အား ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန့်ရေး ကော်မတီအဖွဲ့ဝင် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာတင့်တင့်ကျော်နှင့် (မြို့မိမြို့ဖ) ဒေါက်တာမောင်မောင်အောင် တို့က လက်ခံရယူ၍ ကျေးဇူး တင်ဝမ်းမြောက်စကား ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါအလှူငွေပေးအပ်လှူဒါန်းပွဲသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်ခိုင်ဇင်ဦး မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေနှင့် ကော်မတီ အဖွဲ့ဝင်များတက်ရောက်ကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)