လွိုင်လင် အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများ၌ မဲရုံပေါင်း ၈၁ ရုံဆောင်ရွက်ထားရှိပြီး မဲပေးပိုင်ခွင့်ရှိသူ (၉၆၆၂၄ ဦး)ရှိရာ မဲရုံလုပ်ငန်းဆိုင်ရာသင်တန်းကို ယမန်နေ့တွင် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများမှ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး(၉၀)ဦး၊ ယနေ့တွင် (၇၂)ဦး တို့အား မဲရုံလုပ်ငန်း တာဝန်များဖြစ်သည့် မဲပေးရန် ကြိုတင်ပြင်ဆင်ခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ မဲရုံဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်များ၊ မဲရုံသုံးပစ္စည်းများ၊ မဲရုံသုံး ပုံစံများဖြန့်ဝေခြင်း ၊မဲစာရင်း ရေတွက်ခြင်း၊ ကြေငြာခြင်းနှင့်ထုတ်ပိုးခြင်း စသည့်ဆောင်ရန်/ရှောင်ရန်များကို နံနက် ၉ နာရီအချိန်မှ စတင်ကာ ညနေ ၅ နာရီ အချိန်အထိ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းတင်နှင့် အတွင်းရေးမှူး ဦးသိန်းနိုင်တို့က သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းအား အထက(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ခရိုင်လူမူဝန်ထမ်းဦးစီးဌာန ရုံးခန်းမတို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်သွားမည်ဖြစ်ပြီး အခန်းများခွဲ၍ သင်ကြားပို့ချသွားမည်ဖြစ်ကာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် နိုင်ငံရေးပါတီများမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များကိုလည်း တက်ရောက်လေ့လာနိုင်ရန် ဖိတ်ကြားထားကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
ဝင်းမင်းသန့်(ပြန်/ဆက်)