နမ့်စန်မြို့နယ် အမှတ်(၂)ရပ်ကွက်တွင် မဲရုံအဖွဲ့ဝင်များကို မဲရုံလုပ်ငန်းဆိုင်ရာများ ဆင့်ပွားပို့ချ

နမ့်စန်() အောက်တိုဘာ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအတွက် မဲရုံလုပ်ငန်း ဆိုင်ရာသင်တန်းကို အောက်တိုဘာလ ၂၄ ရက် နှင့် ၂၅ ရက်တို့ ဖွင့်လှစ်ပို့ချခဲ့ပြီး သက်ဆိုင်ရာ မဲရုံမှုးများနှင့် ဒုတိယမဲရုံမှူးများက  သက်ဆိုင်ရာမဲရုံအလိုက် မဲရုံအဖွဲ့ဝင်များကို မဲရုံလုပ်ငန်းဆိုင်ရာများ ပြန်လည်ဆင့်ပွားပို့ချလျက်ရှိရာ ယနေ့ နံနက် နာရီက နမ့်စန်အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် အမှတ်()ရပ်ကွက် အတွင်းရှိ မဲရုံအဖွဲ့ဝင်များကို ဆင့်ပွားသင်တန်းပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အမှတ်() ရပ်ကွက်ရှိ မဲရုံ () မှ မဲရုံမှူး ဦးဝေလင်း၊ ဒုတိယမဲရုံမှူး ဒေါ်နန်းခင်ခင်ဦး မဲရုံ () မှ မဲရုံမှူး ဒေါ်လွင်လွင်အေးနှင့် ဒုတိယမဲရုံမှူး ဒေါ်နန်းနွန်းမိုတို့က မဲရုံ ()ရုံရှိ မဲရုံအဖွဲ့ဝင် (၅၁) ဦးတို့ကို မဲရုံဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်ဝတ္တရားများနှင့် မဲရုံသုံး ပစ္စည်းများအကြောင်း၊ မဲရုံသုံးပုံစံများဖြည့်သွင်းခြင်း၊ မဲပေးရန်ကြိုတင်ပြင်ဆင်ခြင်း ၊မဲပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့် ၊ မဲပေးစဉ်ကြုံတွေ့ရလေ့ ရှိသောဖြစ်စဉ်များ ဖြေရှင်းခြင်း မဲရေတွက်ခြင်းနှင့် ထုတ်ပိုးခြင်း စသည်တို့နှင့် မဲရုံလုပ်ငန်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်၊ လိုက်နာရန်အချက်များကို ဆွေးနွေးပို့ချခဲ့ပြီး အဆိုပါဆင့်ပွားသင်တန်းပို့ချနေမှုကို အမှတ်()ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးယောနနှင့် တာဝန်ရှိသူများက ကြည့်ရှု၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)