မလှိုင်မြို့နယ်တွင် Quarantine Center များကို ကူညီပေးနေသောစေတနာ့ဝန်ထမ်းအဖွဲ့ကို ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့           

 မလှိုင်၊ အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ အ.ထ.က မလှိုင်မြို့ နှင့် ပြည်သူဆေးရုံ ရှိ Quarantine Centre များမှ မဲဆန္ဒရှင် စာရင်းပါပြည်သူများ ကြိုတင်မဲပေးရာတွင် ကူညီဆောင်ရွက်ပေးမည့် စေတနာ့ဝန်ထမ်းများ အသုံးပြုနိုင်ရန် အတွက် ခေါင်းစွပ်များ၊ လက်အိပ်များ ၊ Mask များနှင့် Apron များကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စေတနာ့ဝန်ထမ်း Saving Mahlaing အဖွဲ့မှ တာဝန်ရှိသူအား ယမန်နေ့ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည် ။  

ပေးအပ်ပွဲတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက Quarantine Centre များကို ကူညီစောင့်ရှောက်ပေးနေသော လူမှုရေးအဖွဲ့ကို အကာအကွယ်ဖြစ်စေရန် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေမင်းမျိုးထွန်း တို့က ခေါင်းစွပ်၊ လက်အိပ် ၊ Mask များနှင့် Apronများ (၁ဝဝ) စီကို ပေးအပ်ခဲ့ရာ Saving Mahlaing အဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

မလှိုင်မြို့နယ်အတွင် Quarantine Center (၂၀)ခုရှိ၍ အဆိုပါ Quarantine Centerများ၌ စုစုပေါင်း လူဦးရေ (၆၂) ဦးရှိပြီး အောက်တိုဘာ (၃ဝ) ရက်နှင့် နိုဝင်ဘာ(၇) ရက်နေ့များတွင် ၎င်းတို့၏ကြိုတင်ဆန္ဒမဲများကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)