တန့်ယန်း အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးရာတွင် အသုံးပြုရန် မဲရုံလုပ်ငန်းသုံး ပစ္စည်းများကို ယနေ့ ထုတ်ပေးနေလျက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် မြို့နယ်တွင်းရှိ မဲရုံပေါင်း (၇၉)ရုံအတွက် မဲပုံး၊ ဆန္ဒပြုပုံးနှင့် မဲရုံသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စတင်ထုတ်ပေးရာ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ရပ်/ကျေးစာရေးများနှင့် တာဝန်ရှိသူများက ထုတ်ယူနေလျက်ရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)