သန်လျင် အောက်တိုဘာ ၂၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ် လျက်ရှိသော မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ၏သင်တန်းများအား ယမန်နေ့နေ့လယ်တွင် ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် (တောင်ပိုင်းခရိုင် တာဝန်ခံ) ဦးကျော်မိုးကြည် သည် တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းလှိုင်နှင့် ကော်မရှင်အဖွဲ့ခွဲဝင် များနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးသင်တန်းမှ ပို့ချချက်မျာအား သေချာလေ့လာ မှတ်သား၍ ရွေးကောက်ပွဲနေ့တွင်ဆောင်ရွက်ရမည့် လုပ်ငန်းများ လစ်ဟာမှုမရှိစေရေး ကြိုးပမ်း ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် သန်လျင်မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်မင်းသန်းက သင်တန်း ဖွင့်လှစ် သင်ကြားနေမှု၊ စာတွေ့လက်တွေ့ ဆောင်ရွက်နေမှုများအားလိုက်လံရှင်းလင်းပြသသည်။
သန်လျင်မြိုနယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် မဲရုံပေါင်း (၂၂၉)ထားရှိပြီး မဲရုံမှူးနှင့်ဒုတိယ မဲရုံမှူး(၄၅၈)ဦးတို့ကကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
သန်းဝင်း(သန်လျင်)