မိုင်းပျဉ်းမြို့ဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ယာဉ်နောက်လိုက်တစ်ဦး စစ်ဆေးတွေ့ရှိ

မိုင်းပျဉ်း  အောက်တိုဘာ  ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ဝင်ဂိတ်တွင် ယမန်နေ့ ၇နာရီခွဲက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ယာဉ်နောက်လိုက်တစ်ဦးအား စစ်ဆေးတွေ့ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ သိရသည်

အဆိုပါကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူမှာ ဟိုပုံးမြို့မှ မိုင်းပျဉ်းမြို့သို့ ထွက်ခွာလာသောယာဉ်ပေါ်တွင် လိုက်ပါသောယာဉ်နောက်လိုက်ဖြစ်ပြီး ယမန်နေ့ ၇နာရီခွဲက မိုင်းပျဉ်းမြို့ဝင်ဂိတ်သို့ ရောက်ရှိစဉ် မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် Red Test Kit RN – RDT ESSMP ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးရာ ယာဉ်နောက်လိုက်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ယာဉ်နောက်လိုက်နှင့်ယာဉ်မောင်းတို့သည် လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းနှင့် ၎င်းတို့အား မိုင်းပျဉ်းမြို့ ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မေမွန်ထွဋ်၊ ပြန်/ဆက်