သန်လျင်မြို့နယ်မှ အခြေခံပြည်သူများသို့ ဆန်နှင့်စားသောက်ကုန်များလှူဒါန်း

သန်လျင်   အောက်တိုဘာ  ၂၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စုအတွင်းရှိ ပုံမှန် ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု (၂၇၀)တို့အား ရန်ကုန်မြို့ အင်းစိန်မြို့နယ်နေ ဦးစိုးကြီး+ ဒေါ်စန္ဒာ မိသားစုက ဆန်နှင့်စားသောက်ဖွယ်ရာများကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းသို့လှူဒါန်းရာတွင် အခြေခံအိမ်ထောင်စု (၂၇၀)တို့အတွက် ကျပ်(၂,၁၆၈,၀၀၀)တန်ဖိုးရှိ ဆန်၊ ကြက်ဥ၊ ငပိကြော်၊ မုန့်မျိုးစုံနှင့် နှာခေါင်းစည်း Mask များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း ပါဝင်ကူညီ ဆောင်ရွက် ပေးသော သန်လျင်လူမှုကွန်ယက်အဖွဲ့ထံမှသိရသည်။

သန်လျင်မြို့နယ်တွင် Stay at Home ကာလအခြေခံ ပြည်သူအများစုမှာ စားဝတ်နေရေး ခက်ခဲလျက်ရှိပြီး အလှူရှင်များ၊ ပရဟိတအဖွဲ့များက သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ စီစဉ်ကြီးကြပ်မှုဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ကူညီပေးလျက်ရှိသည် ကိုတွေ့ရသည်။

သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု ပိုးတွေ့လူနာ များပြားလာခြင်း၊ သေဆုံးမှုများ ရှိနေခြင်းကြောင့် သတ်မှတ်စည်းကမ်းချက်များ၊ ညွှန်ကြားချက်များကို အလေးထား လိုက်နာ ဆောင်ရွက်ကြရန် မြို့နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက နှိုးဆော်တိုက်တွန်းလျက်ရှိကြောင်းသိရသည်။

သန်းဝင်း(သန်လျင်)