သုံးခွမြို့နယ် အမှတ်(၃)ရပ်ကွက်တွင် အသွားအလာ ကန့်သတ်ထားသူများအား စားသောက်ကုန် များ လှူဒါန်း

သုံးခွ အောက်တိုဘာ ၂၇

 

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် ကိုဗစ်−၁၉ ရောဂါ အတည်ပြု လူနာတွေ့ရှိမှုများသောကြောင့် အသွားအလာ ကန့်သတ်ထားသော ကျန်စစ်လမ်းနှင့် အောင်သပြေလမ်း မိသားစုဝင်များ စားသောက်ရေးအဆင်ပြေစေ ရန်အတွက်အမှတ်(၉)ရပ်ကွက် အောင်ဇေယျလမ်းနေ (ဦးအီးရိုး)အားရည်စူး၍ ကျေးဇူးရှင် မိခင်ကြီး ဒေါ်ကျင်ကွီ အမှူးထား၍ သား သမီး မြေး မြစ် မိသားစုများကယမန်နေ့ မွန်းလွဲ၁နာရီကအိမ်ထောင်စုပေါင်း(၂၃၀)အတွက် စားသောက်ကုန်ပစ္စည်းများလှူဒါန်းခဲ့ ကြောင်းသိရသည်။   

ယင်းသို့လှူဒါန်းရာတွင် အိမ်ထောင်စုတစ်စုလျှင်ဆန်(၈)ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြာဇံထုပ် လေးထုပ်၊ ကြက်ဥ(၁၀)လုံးတို့ကို လှူဒါန်းရာ အလှူရှင်များကိုယ်စား ဦးကျင်သောင်းနှင့် စေတနာ လုပ်အားရှင်များအဖွဲ့က သွားရောက်လှူဒါန်းခဲ့ရာ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းနှင့် ရပ်မိရပ်ဖများကကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

စည်သူလင်း (ပြန်/ဆက်)