ကော့သောင်း၊ အောက်တိုဘာ၂၇
ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ် အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံနိုင်ငံမှလာရောက်သည့် MT.VIRGO PHONIX သသင်္ဘောပေါ်မှ သသင်္ဘောသား(၁၁)ဦး၊ မလေးရှားနိုင်ငံမှလာရောက်သည့် M.V MCC DANANG သသင်္ဘောပေါ်မှ သသင်္ဘောသား(၁၂)ဦး၊ မလေးရှားနိုင်ငံမှလာရောက်သည့် MTM. COLORADO သသင်္ဘောပေါ်မှ သသင်္ဘောသား(၁၄)ဦး ၊ ဘင်္ဂလာဒေ့နိုင်ငံမှလာရောက်သည့် MV. KOTA ARIF သသင်္ဘောပေါ်မှ သသင်္ဘောသား(၅)ဦး အင်ဒိုနီးရှားနိုင်ငံမှလာရောက်သည့် MV. YANGZE 10 သသင်္ဘောပေါ်မှ သသင်္ဘောသား(၄)ဦး စုစုပေါင်းသသင်္ဘောငါးစီးပေါ်မှ သသင်္ဘောသား (၄၆)ဦး ယမန်နေ့ ညနေပိုင်းက Sign off ထွက်လာရာ ကော့သောင်းမြို့ ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူ များက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၁၄)ရက် ထားရှိပြီး ၎င်းတို့၏ Swb နမူနာ များအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
သသင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသသင်္ဘောသား(၄၆)ဦးမှာ ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MT.VIRGO PHONIX သသင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးမောင်လွင် ပါ သသင်္ဘောသား (၁၁)ဦး ၊ M.V MCC DANANG သသင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးမျိုးဇော်အောင် ပါ သသင်္ဘောသား (၁၂)ဦး ၊ MTM. COLORADO သသင်္ဘောပေါ်သို့ sign on တက်ရောက် မည့် ကပ္ပတိန်ဦးဇော်လင်းအောင် ပါ သသင်္ဘောသား (၁၄)၊ MV. KOTA ARIF သသင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးအောင်ကျော်စိုး ပါ သသင်္ဘောသား (၅)၊ ဦး ၊ MV. YANGZE 10 သသင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးထွန်းကမ္ဘာကျော် ပါ သသင်္ဘောသား (၄)၊ ဦးတို့ဖြင့် တို့ဖြင့် တာဝန်လွဲပြောင်းယူခဲ့သူများဖြစ် ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)