မြောင်းမြမြို့၌ ရွေးကောက်ပွဲတာဝန်ရှိသူများစစ်ဆေးရန်အချက်အလက်ဆိုင်ရာ သင်တန်းဖွင့်လှစ်

မြောင်းမြ      အောက်တိုဘာ    ၂၇

ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင် ၊ မြောင်းမြမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်   နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  ရွေးကောက်ပွဲ တာဝန်ရှိသူများ စစ်ဆေးရန် အချက်အလက်ဆိုင်ရာသင်တန်းကို ယနေ့ နံနက် ၈ နာရီက အ.ထ.က(၆)၊ အ.ထ.က(၄)၊ ဒိုဘီကုန်း (အ.မ.က)ကျောင်းတို့၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

သင်တန်းတွင် ရပ်ကွက်/ကျေးရွာ အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ဖြည့်စွက်ခြင်း၊ မဲပေးခြင်း၊ ဥပဒေနှင့်နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊  အငြင်းပွားမှုဖြေရှင်းခြင်း၊  ဆန္ဒမဲရေတွက်ခြင်း၊ ရလဒ်များထုတ်ပြန်ခြင်း စသည့် အခြေခံကြသည့်လုပ်ငန်းစဉ်များအား တာဝန်ရှိသူများက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် သင်တန်းပို့ချခဲ့ပေးလျက် ရှိသည်။

အဆိုပါ သင်တန်းသို့ မြောင်းမြမြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာ(၁၁၄)အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲဝင် (၂)ဦးနှုန်းဖြင့်  စုစုပေါင်းသင်တန်းသား (၂၂၈)ဦးကို ကိုဗစ်-၁၉ ကာလတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အား လိုက်နာ၍ သင်တန်းအား (၃) နေရာခွဲကာ သင်ကြားလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

သက်ဝေနှင်း(ပြန်/ဆက်)