လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌  မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင်များအား ရွေးကောက်ပွဲ ဆိုင်ရာ သင်တန်း ဆွေးနွေးပို့ချ

လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်တွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး နှင့် မဲရုံ အဖွဲ့ဝင်များအား အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းကို အခြေခံပညာ အမှတ် (၁) အထက်တန်း (ခွဲ)ကျောင်းခန်းမများတွင် အောက်တိုဘာလ ၂၁ ရက်နေ့က စတင်ကာ သင်တန်း၌  လက်စွဲပါ သင်ခန်းစာများကို ဆွေးနွေး ပို့ချခဲ့သည်။

အဆိုပါ သင်တန်းတွင် အခန်း(၁) ရွေးကောက်ပွဲနှင့် မဲရုံဆိုင်ရာ ကိစ္စများ အခန်း(၂) ရွေးကောက်ပွဲနေ့ပြင်ဆင်မှု အခန်း (၃) ရွေးကောက်ပွဲ ကျင်းပသည့်နေ့အခန်း (၄) မဲရုံ ပိတ်ခြင်းနှင့်မဲရေ တွက်ခြင်း၊အခန်း (၅ )ရွေးကောက်ပွဲနေ့လုံခြုံရေး အခန်း (၆) အထွေ ထွေ ဘာသာရပ် တို့ကို မဲရုံမှူး ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လက်စွဲစာအုပ် သင်ခန်းစာများ ဆွေးနွေးပို့ချသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ဥက္ကဋ္ဌ ဦးကျာ်သောင်း ဦးဆောင်ပြီး ဌာနဆိုင်ရာများ နှင့် ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရဲကျော်သူ တို့  ပူးပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်အဖွဲ့ဝင်များ ၏လုပ်ငန်းတာဝန်များ လုပ်ပိုင်ခွင့်ဆိုင်ရာများ၊ မဲပေးပုံအဆင့်ဆင့်၊ ဆန္ဒမဲရေတွက်မှု ရလဒ်တွက်ချက်မှုများ ထုပ်ပိုး ပို့ဆောင်ခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် လမ်းညွှန်ချက်နှင့်အညီ ကာကွယ်ရေးပစ္စည်းများ အသုံးပြုပြီး အထူးဂရုပြု ဆောင်ရွက်ရန် သင်ကြား ပိုချ ဆွေးနွေးခဲ့သည်။

အဆိုပါ သင်တန်းသို့ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ ရပ်ကွက်ကျေးရွာ စာရေးများ နှင့် ဆရာ/ဆရာမများ တက်ရောက်လျက်ရှိကာ တစ်ခန်းလျင်( ၃၀ )ဦး ဖြင့် စာသင်ခန်းမ ဝင် (၄)ခန်း တွင် တစ်ရက်လျှင် သင်တန်းသား ဦးရေ(၁၂၀)ဦး ကို အောက်တိုဘာ(၂၁ )ရက်နေ့မှ အောက်တိုဘာ (၂၆) ရက် ထိ  စုစုပေါင်း သင်တန်းသား( ၇၅၀ ) ဦး တို့ကို  ဆွေးနွေး ပို့ချပြီးခဲ့ ဖြစ်ကြောင်း ရပ်ကွက် စုစုပေါင်း(၉)ရပ်ကွက် နှင့် ကျေးရွာပေါင်း (၅)ရွာ တို့တွင် မဲရုံ စုစုပေါင်း( ၃၄၉ ) ရုံ မဲဆန္ဒရှင်စာရင်း (၃၆၂၄၂၅)  ဦးရှိပါကြောင်းနှင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌  ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ( ၈) ရက်နေ့ တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲ အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်း ဆွေးနွေး ပို့ချခဲ့ ပြီးကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)