ရှမ်းရွာသစ် အောက်တိုဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက် ယာယီပိတ်ထားသည့်အတွက် Online မှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည်သူ့စာကြည့် တိုက်တွင် ကျန်းမာရေးအသိပညာပေး အစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။
ထိုသို့ ရိုက်ကူးဆောင်ရွက်ရာတွင် ဒေါ်ဇင်မိုးအေး (ရုပ်သံကျွမ်းကျင်-၃)က ဒို့ကျေးရွာဂျာနယ် အတွဲ(၁၇)၊ အမှတ်(၂၀)တွင် ပါရှိသော ဆေးဘက်ဝင်မြင်းခွာရွက်အကြောင်း သိကောင်းစရာများကို ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက် Page တွင် Online မှ ထုတ်လွှင့်ပြသနိုင်ရန်အတွက် ရိုက်ကူးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူ့စာကြည့်တိုက် ခေတ္တပိတ်ထား သည့်အချိန်တွင် ပြည်သူများ ကလေးလူငယ်များအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သော်လည်း စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များ၊ ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ စက္ကူခေါက်ပြခြင်း၊ ကဗျာရွတ်ဆိုခြင်းအစီအစဉ်နှင့် Talk Show များ၊ ပြည်သူများ သိသင့်သည့် အသိပညာပေး လုပ်ငန်းများ၊ ဒေသဆိုင်ရာသတင်းအချက်အလက်များကို IPRD Shanywarthit Page နှင့် ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့် တိုက် Pageတို့တွင် Online မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)