နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မဲရုံလုံခြုံရေးတာဝန်ယူဆောင်ရွက်မည့် အထူးရဲများကို Test kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိစစ်ဆေးခဲ့ရာ အားလုံး Negative အဖြေထွက်

လဟယ်  အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲနေ့၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲ တပ်ဖွဲ့ (၁၀၅)ဦးနှင့် နည်းပြဆရာ (၄)ဦးတို့အား ကိုဗစ်-၁၉ ရောဂါရှိ မရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (swab) နမူနာရယူ၍ Test Kit ဖြင့် ယနေ့ စစ်ဆေးခဲ့ရာတွင်  ထွက်ရှိလာသောအဖြေမှာ အားလုံး (All Negative) ကိုဗစ်-၁၉ ရောဂါမရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါရှိ မရှိ  swab နမူနာ ရယူ စစ်ဆေးခဲ့ရာတွင် အထူးရဲ တပ်ဖွဲ့(၁၀၅)ဦး နည်းပြဆရာ(၄)ဦးနှင့် facility Quarantine ဝင်သူ(၂)ဦး စုစုပေါင်း(၁၁၁)ဦး ဖြစ်ပြီး အားလုံး Negative အဖြေထွက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သက်ဇင်အောင်ထံမှ သိရပါသည်။

ရှားဆက်(ပြန်/ဆက်)