တိုက်ကြီး အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်မည့်ရက် များကို လိုက်လံနှိုးဆော်ပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင်နေထိုင်သည့် အသက်(၆၀) နှင့်အထက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲများကို မိမိတို့ ရပ်ကွက် ကျေးရွာများရှိ သတ်မှတ်ထားသည့် မဲရုံများတွင် အောက်တိုဘာလ ၂၉ ရက်နေ့ မှ နိုဝင်ဘာ လ ၅ ရက်နေ့ အထိ ကြိုတင်ဆန္ဒမဲပေးနိုင်မည်ဖြစ်ပြီး ကြိုတင်ဆန္ဒမဲပေးမည့် သူများ စာရင်းကို ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း တာဝန်ရှိသူများက အိမ်တိုင်ရာ ရောက် စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲဆန္ဒရှင် ပြည်သူများ သိရှိနိုင်စေရေးအတွက် အောက်တိုဘာ လ ၂၆ ရက်နေ့ မှ ၂၈ ရက်နေ့ အထိ (၃)ရက်တိုင်တိုင် အသံချဲ့စက်(Hand Speaker)များဖြင့် အသိပေးနှိုးဆော်လျက်ရှိသည်။
ကြိုတင်မဲဆန္ဒရှင်စာရင်း ကောက်ယူရာတွင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ဝင်(၁)ဦး၊ မဲရုံမှူး(သို့)ဒုမဲရုံမှူး(၁)ဦး၊ မဲရုံအဖွဲ့ဝင် မဲလက်မှတ်ထုတ်ပေးသူ(၁)ဦး၊ မဲလက်မှတ်စစ်ထုတ်ပေးသူ(၁)ဦး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး(သို့)ရာအိမ်မှူး(၁)ဦး၊ အထူးရဲ(၁)ဦးတို့ ပါဝင်မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရ သည်။
စန်းကလျာခိုင်(ပြန်/ဆက်)