အင်္ဂပူ အောက်တိုဘာ ၂၇
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အင်္ဂပူမြို့နယ် စည်ပင်သာယာရေး နယ်နမိတ် အတွင်းရှိ ထူးကြီးမြို့ မြို့မဈေးနှင့် လမ်းဘေးဈေးဆိုင်များ၊ အိမ်ဆိုင်များအား သတ်မှတ် စည်းကမ်းနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့နံနက် ၈ နာရီက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို အင်္ဂပူမြို့နယ် စည်ပင်ကော်မတီအဖွဲ့ဝင် ဦးလှိုင်စိုးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများမှ ထူးကြီးမြို့ မြို့မဈေးနှင့် လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အတွက် ဈေးရောင်းချသူများ၊ ဈေးဝယ်သူများအား နှာခေါင်းစည်း(mask) တပ်ဆင်၍ ရောင်းချဝယ်ယူရေး၊ မြို့မဈေးအတွင်း ဆေးဝါးဆိုင်များနှင့် အခြေခံ စားသောက်ကုန်ဆိုင်များမှလွဲ၍ ကျန်ရှိသည့်ဆိုင်များ ဖွင့်လှစ်မှု မရှိစေရေး၊ Take Way စနစ်ဖြင့် ရောင်းချမှုရှိစေရေးအတွက် သတ်မှတ်စည်းကမ်းများ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)