ပန်းဘဲတန်းမြို့နယ် Quarantine Centre များသို့ အလှူရှင်များမှ  ထမင်းဗူးများ လာရောက်လှူဒါန်း

ပန်းဘဲတန်း အောက်တိုဘာလ ၂၇

ပန်းဘဲတန်းမြို့နယ်၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်() အခြေခံပညာမူလ တန်းကျောင်းတွင် ဖွင့်လှစ်ထားသော Quarantine Centre များ သို့ ဦးစည်သူမောင်ဦးဆောင်သော ပရဟိတအဖွဲ့မှ ထမင်းဗူးများ လာရောက် လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။

ပန်းဘဲတန်းမြို့နယ်ရှိ Quarantine Centre ရှိလူနာများအတွက် ဦးစည်သူမောင် ဦးဆောင်သော ပရဟိတအဖွဲ့က ထမင်းဗူးများ လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဒေါ်နေခြည်သွေးက လက်ခံခဲ့ကြောင်း သိရှိရပါသည်။

ပန်းဘဲတန်းမြို့နယ်ရှိ Quarantine Centre များရှိ စောင့်ကြည့်လူနာများအား အလှူရှင်များမှ စားသောက်ဖွယ် ရာများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို အလှူရှင်များမှ ပံ့ပိုးလှူဒါန်းပေးလျက်ရှိကြောင်း သိရှိရပြီး၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က အနီးကပ်ကြီးကြပ်ပြီး၊ လိုအပ်ချက်များကို  ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရှိရပါသည်။

နေခြည် (ပြန်/ဆက်)