လယ်ဝေးမြို့နယ်၌ အထူးရဲသင်တန်းဆင်းပွဲကျင်းပ

လယ်ဝေး       အောက်တိုဘာ          ၂၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပစဉ် မဲရုံလုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့ ..က() ရွေရတု ခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် လယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်ဦးက သင်တန်းဆင်းအမှာ စကားပြောကြားခဲ့ပြီး အဆိုပါသင်တန်းတွင် အထူးရဲတပ်ဖွဲ့ဝင်(၁၄၄)ဦးအား ဥပဒေဘာသာရပ်နှင့် လက်နက်မဲ့စစ်ရေးပြဘာသာရပ်များကို အောက်တိုဘာ ၁ရက်မှ ၂၈ ရက်အထိ သင်ကြားပို့ချပေးခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း ရပ်ကွက်()ခု ကျေးရွာအုပ်စု(၆၀)ရှိပြီး၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ ()ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံပေါင်း (၁၄၄)ရုံ ထားရှိမည် ဖြစ်ပြီး မဲဆန္ဒရှင်ဦးရေ (၂၂၀၈၁၀)ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှသတင်းရရှိသည်။

ဝေကြည်စန်းအောင်(ပြန်/ဆက်)