ကွမ်းခြံကုန်းမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ(Positive)ရှိသူနှင့် အနီးကပ် ထိတွေ့ခဲ့သူများအား (RDT) Test kit အသုံးပြု၍စစ်ဆေး

ကွမ်းခြံကုန်း       အောက်တိုဘာ  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ရှိ အထက()အသွားအလာကန့် သတ်စောင့်ကြည့်ရေးစင်တာ တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူ (Primary  Contact) (၁၉) ဦးအား ယမန်နေ့မနက်ပိုင်းက(RDT)Test Kit အသုံးပြု၍ စစ်ဆေးခဲ့ရာ အမျိုးသား()ဦးနှင့်အမျိုးသမီး()ဦးတို့တွင်ကိုဗစ်-၁၉-ရောဂါပိုး(Positive) တွေ့ရှိကြောင်းသိရသည်။

ဆက်လက်၍ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးမှုကိုမြို့နယ်ပြည် သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်()ဦးနိုင်လင်းဦးနှင့် (Swab Team)အဖွဲ့ဝင်()ဦးတို့သည် မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင်ထားရှိသော အနီးကပ်ထိတွေ့ခဲ့သူ(၁၉)ဦး အား(RDT)Test kit အသုံးပြု၍ စစ်ဆေးရာအမျိုးသား()ဦး၊ အမျိုးသမီး()ဦးတွင်ကိုဗစ် -၁၉ရောဂါ (Positive)တွေ့ရှိ ကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါပိုး(Positive)တွေ့ရှိခဲ့သူအမျိုးသမီး()ဦးနှင့် အမျိုးသား()ဦး စုစုပေါင်း(၁၀) ဦးအား (Positive) တွေ့ရှိသူများ ယာယီထားရှိသည့်မြို့နယ်အားကစားကွင်းအတွင်းရှိအောင် ဆန်းသူရိယလှသောင်းအားကစားရုံအတွင်း ဖွင့်လှစ်ထားသော စောင့်ကြည့်ရေးစခန်းသို့ သဒ္ဓါဖြူလူမှုကူညီရေးအသင်းမှ ပို့ဆောင်ထားရှိပြီး ရန်ကုန်မြို့ရှိ ကုသရေးစင်တာသို့ ပို့ဆောင် သွားမည်ဖြစ်ကြောင်းသိရသည်။ ကွမ်းခြံကုန်းမြို့နယ်တွင်ယခုလ (၂၇)ရက် နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး(Positive)တွေ့ရှိသူ(၁၇၁ဦး၊ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းလာသူ (၁၁၆)ဦး၊ သေဆုံးသူ()ဦးနှင့် အသွား အလာကန့်သတ်စောင့်ကြည့် ရေးစင်တာများ ဖြစ်သည့် အထက()ကွမ်းခြံကုန်းတွင် (၆၉)ဦး၊ တော်ခရမ်းလေးကျေးရွာအုပ်စု အထက(ခွဲ)တွင် (၁၅)ဦး၊ စုစုပေါင်းကိုဗစ်၁၉ရောဂါပိုးရှိသူနှင့်အနီး ကပ်ထိတွေ့ခဲ့သူ(၈၄)ဦးအား ကျန်းမာရေး စောင့်ရှောက် ထားကြောင်း မြို့နယ်ကိုဗစ်၁၉ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော််မတီမှသိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)