သာယာဝတီ အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊သာယာဝတီမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ၌ မဲရုံလုံခြုံရေး အတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများ သင်တန်းဆင်းပွဲကို မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ် သည်။
အဆိုပါအထူးရဲသင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်အောင်က သင်တန်းတွင် ပို့ချခဲ့သော ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် မဲရုံများ လုံခြုံရေး အတွက် အထူးဂရုပြု ကြပ်မတ်ဆောင်ရွက်သွားရန်ပြောကြားသည်။
အထူးရဲသင်တန်းကို အောက်တိုဘာ(၁)ရက်နေ့မှစတင်၍ အထူးရဲသင်တန်းသား (၁၀၇)ဦးကို အခြေခံစစ်ပညာ၊ရဲကျင့်ဝတ်၊ဥပဒေ စသည့်ပညာရပ်များကိုပို့ချခဲ့သည်။
အထွေထွေရွေးကောက်ပွဲတွင်ရပ်ကွက်/ ကျေးရွာအုပ်စု(၆၉)အုပ်စုတွင် မဲရုံပေါင်း (၁၀၇) ရုံ ဖွင့်လှစ်မည်ဖြစ်ရာ မဲရုံတစ်ရုံလျှင် အထူးရဲတစ်ယောက်နှုန်းစီဖြင့် စုစုပေါင်း(၁၀၇) ဦး ခန့်အပ်တာဝန် ပေးထားကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)