ဆင်ပေါင်ဝဲ အောက်တိုဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ်ခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးခင်မောင်ထွေးက ရွေးကောက်ပွဲကာလ အတွင်း တာဝန်ထမ်းဆောင်မည့်အထူးရဲများ သိသင့်သိထိုက်သည့်ဘာသာရပ်များ ၊လိုက်နာ ရမည့် ကျင့်ဝတ်များကို သင်ကြားပို့ချခဲ့ပြီးဖြစ်၍ ဥပဒေနှင့်ကျင့်ဝတ်များကို လိုက်နာ ဆောင်ရွက်သွားကြရန်၊ ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် ပြောကြားသည်။
အဆိုပါသင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် လူ့အခွင့်အရေး၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့်သိမှတ်ဖွယ်ရာများ၊ သတင်း မီဒီယာဥပဒေများ၊ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ရဲလုပ်ငန်းဘာသာရပ်များ သင်ကြား ပို့ချခဲ့ကြောင်းသိရသည်။
အိဖြူဖြူမောင်(ပြန်/ဆက်)