အလုံ အောက်တိုဘာ ၂၉
We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့ မှ အလုံမြို့နယ်ရှိ နွမ်းပါးမိသားစုများအား စားသောက်ကုန်များကို ယမန်နေ့က လက်ဝယ်အရောက် သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့ လှူဒါန်းရာတွင် အလုံမြို့နယ်၊ စောနောက်ရပ်ကွက်၊ မိုးကောင်းသစ်ဆိပ်ဝင်းရှိ နွမ်းပါးမိသားစု အိမ်ထောင်စု ၂၅၀ တို့အား အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)ပြည်ပါ (၂)အိတ်၊ ဆီ ၅၀ ကျပ်သား(၁)ဘူး၊ ငါးသတ္တော(၅)ဘူး၊ အအေး(၂)ဘူး၊ ခေါက်ဆွဲခြောက် အထုပ်(၃၀)ပါ တစ်ဖာစီတို့ကို အိမ်အရောက် လှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ လှူဒါန်းခြင်းသည် အနယ်နယ်အရပ်ရပ်မှ စေတနာအရှင်အလှူရှင်များ၏ လှူဒါန်းမှုများအား We Love Yangon မှ ကိုယ်စားလှူဒါန်ပေးခြင်းဖြစ်ပြီး စေတနာရှင်အလှူရှင်များအနေဖြင့် လှူဒါန်းလိုပါက We Love Yangonသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
တင်တင်ချို( ပြန်/ဆက်)