နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲ ကျင်းပ

နန်းယွန်း အောက်တိုဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် ရဲတပ်ဖွဲ့မှကြီးမှူး၍ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆာင်ရွက်မည့် မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအသီးသီးမှ အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူး ညိုမင်းအောင်က အမှာစကားပြောကြားရာတွင် အထူးရဲတပ်ဖွဲ့ဝင်များ၏ ကျင့်ဝတ်(၁၂)ချက်ကိုလိုက်နာ၍  မိမိတို့တာဝန်ထမ်းဆောင်ရမည့် မဲရုံများအား အထူးကြီးကြပ်ဆောင်ရွက်စေရန် မှာကြားခဲ့ကြောင်း သိရသည်။

နန်းယွန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့ ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲဆန္ဒနယ် အမှတ်(၁)၊ (၂)ခု၊ ရှိပြီး မဲရုံပေါင်း(၈၂)ရုံ ထားရှိကာ  မဲရုံလုံခြုံရေး အထူးရဲအင်အား (၈၂)ဦးထားရှိကြောင်း သိရသည်။

ဟန်ကမ်း(ပြန်/ဆက်)