ဝေါ အောက်တိုဘာ ၂၉
ပဲခူးတိုင်းဒေကြီး၊ ဝေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင် ဆန္ဒမဲပေးခြင်းကို ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ အသက်၆၀နှစ် အထက် မိဘပြည်သူများအား ယနေ့ နံနက်(၈)နာရီမှစ၍ နိုဝင်ဘာလ (၅) ရက်နေ့၊ ညနေ(၆)နာရီ အထိကြိုတင် ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။
ဝေါမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု(၆၄) အုပ်စုတွင် မဲရုံ(၁၁၆)ရုံထားရှိသွားမှာ ဖြစ်ကာ မဲပေးနိုင် သူ (၁၅၀၉၅၇)ဦးရှိပြီး အသက်၆၀ နှစ် အထက်ကြိုတင် မဲလာရောက်ပေးနိုင်သူမှာ (၁၉၁၅၃)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဒေါ်ထိုက်ထိုက်လွင်ထံမှ သိရသည်။
အောင်မြတ်လင်း ( ပြန်/ ဆက်)