ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

တွန်းဇံ အောက်တိုဘာ ၂၉

 

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ရပ်ကွက်/ကျေးရွာများသို့ ဆန္ဒမဲလက်မှတ်များနှင့်မဲရုံသုံးပစ္စည်းများကို ယနေ့နံနက်(၇)နာရီ အချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့  ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ စတင်ထုတ်ပေးလျက်ရှိသည်။ အဆိုပါ ပစ္စည်းများကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရှိ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများက လာရောက်ထုတ်လျက်ရှိပြီး အဆိုပါပစ္စည်းများကို တွန်းဇံမြို့နယ်တွင် သင်တန်းပို့ချပေးလျက်ရှိသည့် အထူးရဲများက လုံခြုံရေးအဖြစ် ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ ဆန္ဒမဲ လက်မှတ်များနှင့်မဲရုံသုံးပစ္စည်းများ ထုတ်ပေးလျက်ရှိသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဝေဖြိုး(ဇလပ်မြေ)