လဟယ် အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင် ကျောင်းမှ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်ဖြစ်သော တာလံရပ်ကွက်၊ မြို့မရပ်ကွက်၊ တိုးချဲ့ (၁)ရပ်ကွက်၊ တိုးချဲ့(၂)ရပ်ကွက်များရှိ အခြေခံစားသောက်ကုန်ဖြစ်သော ဆန်၊ ကုလားပဲ၊ ဆား စားသောက်ကုန် (၃)မျိုးကို ယနေ့ နေ့လယ်တွင် သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ စားသောက်ကုန်များကို တာလံရပ်ကွက်အတွင်း (၆၂)အိမ်ထောင်စု၊ မြို့မရပ်ကွက်အတွင်း (၁၃၁)အိမ်ထောင်စု၊ တိုးချဲ့(၁)ရပ်ကွက် တွင်(၆၄) အိမ်ထောင်စုနှင့် တိုးချဲ့(၂)ရပ်ကွက်တွင် (၁၇၆) အိမ်ထောင်စု စုစုပေါင်း (၄၃၃)အိမ်ထောင်စုများအား သွားရောက် ထောက်ပံ့လှူဒါန်းကြောင်း လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင် ဆရာကြီးဒေါ်ပညာသိင်္ဂီထံမှ သိရှိရသည်။
ပါမင်းလှိုင်(ပြန်/ဆက်)