ကျောက်မဲခရိုင်၊ နောင်ချိုမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲ ကျင်းပ

နောင်ချို အောက်တိုဘာလ ၂၉

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာအထူးရဲ သင်တန်း ဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က နောင်ချိုမြို့  မြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင်  ရှေးဦးစွာ သင်တန်းမှူး ရဲအုပ်ဇော်ဇော်မှ  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး  ရဲဝင်းထက် ထံ တန်းအပ်၍ ရဲမှူးရဲဝင်းထက်က အမှာစကား ပြောကြားရာတွင်  ​ရွေးကောက်ပွဲကာလအတွင်း  တာဝန်ထမ်းဆောင် မည့် အထူးရဲများ သိသင့်သိထိုက်သော ဘာသာရပ်များ ၊ လိုက်နာရမည့် ကျင့်ဝတ်များ ကို သင်ကြားပို့ချခဲ့ပြီး ဖြစ်၍ ဥပဒေနှင့် ကျင့်ဝတ်များကို  လိုက်နာဆောင်ရွက်ကြရန်၊  ပေးအပ်သော တာဝန်ကို  ကျေပွန်စွာ ထမ်းဆောင်ကြရန် ပြောကြား ခဲ့သည်။

အဆိုပါ အထူးရဲသင်တန်းကို  ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ သင်တန်းသား  (၈၂)ဦး  တက်ရောက်ခဲ့ပြီး သင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ  ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး  လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး  အထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးတာဝန်များကို  ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)