ကျိုက်လတ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ မဲရုံးသုံးပစ္စည်းများ ထုတ်ပေး

ကျိုက်လတ် အောက်တိုဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ နံနက်(၉)နာရီက စတင်၍ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် စိုက်ပျိုးရေးရုံး တို့တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို ထုတ်ပေးရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု (၉၃) အုပ်စုရှိ မဲရုံ(၂၆၀) ရုံအတွက် လွှတ်တော် အလိုက် မဲပုံးများ ၊ ဆန္ဒပြုခန်း ၊ ဆာလာအိတ် ၊ အမှန်ခြစ်တံဆိပ် ၊ လုံခြုံရေးကြိုး ၊ မင်အိုး ၊ မင်ခွက် ၊ ကာဗွန် နှင့် အခြားမဲရုံသုံးပစ္စည်းများကို ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)