တီးတိန် အောက်တိုဘာ ၂၉
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲဆိုင်ရာ လုပ်ငန်းစဉ်ညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့ နေ့လယ် ၁၁ နာရီက ခွာဒိုခန်းမ၌ ပြုလုပ်ခဲ့သည်။
ကြိုတင်မဲလုပ်ငန်းစဉ်တွင် မဲလက်မှတ်များအား အောက်တိုဘာ၂၉ ရက် နေ့တွင် ထုတ်ပေးမည်ဖြစ်ပြီး မဲဆန္ဒ နယ်အတွင်း ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများအား အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့ အထိ သက် ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲမဲရုံများ၌ ကြိုတင်မဲပေးနိုင်ရေးကို လည်းကောင်း၊ ရဲတပ်ဖွဲ့ဝင်များအား အောက်တိုဘာ ၂၉ ရက်နေ့တွင် စကောလမ်းရပ်ကွက်၌ ကြိုတင်မဲပေးနိုင်ရေးကို လည်းကောင်း၊ အထူးရဲများအား အောက်တိုဘာ၂၉ ရက်နေ့တွင် လေးလုမ်းရပ်ကွက်၌ ကြိုတင်မဲပေးနိုင်ရေးကို လည်းကောင်း၊ ရပ်/ကျေးအုပ်စုများ အနေဖြင့် အောက်တိုဘာ ၃၁ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ ကြိုတင်မဲ ပေးနိုင်ရေးကို လည်းကောင်း ညှိနှိုင်း ဆွေးနွေးကြကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)