တီးတိန် အောက်တိုဘာ ၂၉
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံ ရေးတာဝန်ထမ်းဆောင်မည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ရဲတပ်ဖွဲ့အထူး ရဲသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၈ နာရီက စကောလမ်း ရပ်ကွက်ရှိ အ.ထ.က(၁) ကျောင်း၌ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးကိုယ်စား၊ဖလမ်းခရိုင်ရဲတပ်ဖွဲ့ မှ ဒု-ခရိုင်မှူး၊ ရဲမှူးမြင့်ဆွေ က "၁၉၄၅ ခုနှစ်၊ ရဲအက်ဥပဒေ ပုဒ်မ (၂၇)(၂၈)(၂၉)တို့အရ သင်တန်းသားများကို အထူးရဲများ အဖြစ်ခန့်အပ်ပြီးဖြစ်လို့ သန္ဓေရဲတပ်ဖွဲ့ဝင်များနည်းတူ လစာ၊ စရိတ်များ ခံစားရရှိပြီး ဖြစ်ပါတယ် ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ချမှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ညွှန် ကြားချက်စည်းမျဉ် စည်းကမ်းများ လိုက်နာကြရန်ဖြစ်တယ်၊ အထူးရဲများရည်မှန်းချက်တာ ဝန်ဖြစ်တဲ့ မဲရုံလုံခြုံရေးကို ပြီးစီးအောင် ခံယူချက် အပြည့်အဝထားရှိ ကြိုးစားဆောင်ရွက် သွားကြရန်ဖြစ် ကြောင်း"ဟု သင်တန်းဆင်း မိန့်ခွန်းပြောကြားခဲ့သည်။
သင်တန်းဆင်းပွဲတွင် ဒု-ခရိုင်မှူး ရဲမှူးမြင့်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုး၊ မြို့နယ်ရဲမှူးခင်စိုးလွင်နှင့် တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများနှင့် အထူးရဲ (၁၄၀)ဦးတို့ တက်ရောက်ကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)