ငရုတ်ကောင်း အောက်တိုဘာ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းတွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲ သင်တန်းဆင်းပွဲကို ယနေ့နံနက်၉နာရီက ငရုတ်ကောင်းမြို့ မူလတန်းကြိုကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ငရုတ်ကောင်းမြို့ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးရဲအုပ်ထွန်းလင်းထက်က အထူးရဲများအား လိုက်နာရမည့် ကျင့်ဝတ်များနှင့် သိသင့်သိထိုက်သော ဘာသာရပ်များကို လိုက်နာကျင့်သုံးကြရန် နှင့် ပေးအပ်သော တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန် ပြောကြား ခဲ့သည် ။
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး နှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အထူးရဲ(၃၇)ဦး အား သင်တန်းပို့ချပေးခြင်းဖြစ်သည်။
အဆိုပါ အထူးရဲ(၃၇)ဦးအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာကော်မရှင်အဖွဲ့ခွဲများနှင့်ပူးပေါင်း၍ ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးကို တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)