ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက် ၆၀ နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ ကြိုတင် ဆန္ဒမဲပေး

ဒဂုံမြို့သစ်(အရှေ့ပိုင်း)  အောက်တိုဘာ ၂၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကြိုတင် ဆန္ဒမဲပေးနိုင်ရေး လုပ်ငန်းများကို ယ​နေနံနက် ၉ နာရီမှစတင်၍ ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်​လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းကို ၂၀၂၀ပြည့်နှစ်နိုဝင်ဘာ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေး ကောက်ပွဲကျင်းပချိန်၌ ဆန္ဒမဲပေးရန် မဲရုံသို့ မလာရောက်နိုင်သည့်အတွက် အခက်အခဲမရှိစေရေး၊ နိုင်ငံသားတိုင်း ဆန္ဒမဲပေး ပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် အသက် ၆၀ နှစ်နှင့် အထက်ရှိ သက်ကြီးဘိုးဘွားများအား အခက်အခဲမရှိ ကြိုတင် ဆန္ဒမဲပေးနိုင်ရေးကို ရပ်ကွက်၊ ကျေးရွာများအတွင်း ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲမှ တာဝန် ရှိသူများ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များနှင့်လုံခြုံရေးအဖွဲ့များ ပူးပေါင်း၍အိမ်တိုင်ရာ ရောက်လိုက်လံ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက် ၃၂ ရပ်ကွက်ရှိပြီး ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၄၁၂၂၇) ဦးရှိပြီး အသက် ၁၈ နှစ်ပြည့်ပြီးပထမဦးဆုံး အကြိမ်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၂၁၁၀၇)ဦးနှင့် မသန်စွမ်း(၂၄၇)ဦး၊ အသက် ၆၀ နှစ်နှင့် အထက်သက်ကြီးဘိုးဘွား (၁၉၀၆၈)ဦးပါဝင်ကြောင်းနှင့် မဲရုံပေါင်း (၁၇၁)ရုံဖြင့်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)