နောင်တရားမြို့၌ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ကြိုတင်ဆန္ဒမဲစတင်ပေး

နောင်တရား    ‌အောက်တိုဘာ      ၂၉

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)ကျော် ဘိုးဘွားများက မိမိတို့ရွေးချယ်မည့် လွှတ်တော်ကိုယ်စားလှယ်များ ကြိုတင်ဆန္ဒမဲပေးခြင်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယနေ့ နံနက် ၈ နာရီမှ စတင်၍ ကြိုတင်ဆန္ဒမဲပေးနေကြောင်း သိရသည်။

နောင်တရားမြို့တွင် အသက်(၆၀)ကျော် ကြိုတင်ဆန္ဒမဲပေးနိုင်မည့် ဘိုးဘွား (၇၂၃)ဦးရှိပြီး အဆိုပါ မဲဆန္ဒရှင်များအတွက် မဲရုံ အမှတ်(၁)ဖွင့်လှစ်၍ အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကြိုတင်မဲများကို စတင်လက်ခံ ဆောင်ရွက် လျက်ရှိသည်။ ကြိုတင်ဆန္ဒမဲ ပေးနိုင် မည့်မဲဆန္ဒရှင် ပြည်သူများမှာ သတ်မှတ်ရက်များတွင် ကြိုတင်ဆန္ဒမဲပေးရန် အကျုံးဝင် သည့် မဲဆန္ဒရှင်ပြည်သူများ၊ Quarantine Center များတွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေရသည့် မဲဆန္ဒရှင်ပြည်သူများ၊ အသက် ၆၀ နှစ် နှင့်အထက် အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေး မဆုံးရှုံးစေရေး အတွက် ကြိုတင် ဆန္ဒမဲပေးခြင်းကို သတ်မှတ်နေရာများအလိုက် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် နေအိမ်များတွင် ကြိုတင် ဆန္ဒမဲ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ကြိုတင်ဆန္ဒမဲ လာရောက်ပေးကြသည့် ဘိုးဘွားများက ပါစပ်၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် Social Distancing နှင့်အညီ စနစ်တကျ လိုက်နာပြီး ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။ အဆိုပါ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် နှားခေါင်းစည်းများ၊ Face Shield များ၊ ရေမလိုလက်သန့်ဆေးရည်များ ထားရှိ ပေးထားကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)