မြစ်ကြီးနားမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲများ စတင်ပေး

မြစ်ကြီးနား အောက်တိုဘာ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ရပ်ကွက်/ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ အသက်၆၀နှစ်အထက် မိဘ ပြည်သူများအား ယနေ့ နံနက် (၈) နာရီမှစ၍ နိုဝင်ဘာလ (၅) ရက်နေ့၊ ညနေ(၆)နာရီ အထိကြိုတင်ဆန္ဒမဲပေး စတင်‌ပေးလျက်ရှိကြောင်း သိရသည်။

 မြစ်ကြီးနားမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု(၆၀) အုပ်စုတွင် မဲရုံ(၁၄၀)ရုံဖွင့်လှစ်ထားရှိပြီး မဲပေးနိုင်သည့် မဲဆန္ဒရှင် (၂၃၈၀၀၀) ဦး‌ကျော်ရှိပြီး၊ အသက် (၆၀ ) နှစ်နှင့် အထက်ကြိုတင်မဲလာရောက်ပေးနိုင် သည့်မဲဆန္ဒရှင် (၂၈၀၀၀) ဦးကျော်ရှိကာ၊ မဲ‌ဆန္ဒရှင်ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများသို့ကိုယ်တိုင်သွားရောက်ပေးနိုင်ပြီး ကျန်းမာရေးအခြေအနေ အရကိုယ်တိုင်သွားရောက်ရန် ခက်ခဲပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးသို့ သတင်းပေးပို့ပြီး နေအိမ်မှကြိုတင်မဲ ပေးနိုင်ရန်စီစဉ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဒေါ်ဝင်းသီတာ‌အောင်ထံမှ သိရသည်။

စိန်ဝင်း ( ပြန်/ဆက်)