ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် အသက်(၆၀)နှစ်နှင့် အထက်ရှိသည့် မဲဆန္ဒရှင်များ ကြိုတင်မဲ စတင်ပေး

မံစီ  အောက်တိုဘာ     ၂၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်အထက်ရှိသည့် မဲဆန္ဒရှင်များ၏ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲများများကို ယနေ့ နံနက် ၉ နာရီ စတင် လက်ခံလျက်ရှိကြောင်း သိရသည်။

ကြိုတင်မဲများကို   သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ လက်ခံလျက်ရှိနေပြီး အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ရန်အခက်အခဲရှိသူများ၏ ကြိုတင်မဲ များကိုလည်း အိမ်တိုင်ရာရောက် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း  အသက်(၆၀)နှစ်အထက်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၅၂၇၅ ဦး ခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

ရိန် (ပြန် /ဆက်)