ဘုရားသုံးဆူ အောက်တိုဘာ ၂၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် အသက်၆၀နှင့် အထက် အသက်ကြီးရွယ်အို များနှင့် မဲရုံတာဝန်ကျ ဝန်ထမ်းများမှ ကြိုတင်မဲထည့်ခြင်းကို ယနေ့ နံနက် ၆ နာရီ အချိန်က ရပ်ကွက် ၄ ခုရှိ မဲရုံအသီးသီး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ကြိုတင်မဲအား အောက်တိုဘာ၂၉မှ နိုဝင်ဘာ လ ၅ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဲရုံသို့မလာနိုင်သော သက်ကြီးရွယ်အိုများအား နိုဝင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့များ၌ ကြိုတင်မဲထည့်နိုင်ရေး မဲရုံမှူးများမှ ဆောင်ရွက်ထားကြောင်း၊ ကြိုတင်မဲ လာရောက်ထည့်သော ပြည်သူများအား မဲရုံတာဝန် ရှိသူများမှ စနစ်တကျ မဲထည့်နိုင်ရန်နှင့် မိမိထည့်လိုသော ပါတီအားအမှတ်အသား ပြုလုပ်ရာတွင် အမှားအယွင်းမရှိစေရန် စနစ်တကျ စီမံဆောင်ရွက်ထားပြီး မဲရုံဖွင့်ချိန်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖြစ်ကြောင်းသိရသည်။
စောရဲဝင်းထွဋ်(ပြန်/ဆက်)