ပေါင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေး

ပေါင် အောက်တိုဘာ ၂၉

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ယနေ့ နံနက်ပိုင်းတွင် ပေါင်မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ် နှင့် အထက် သက်ကြီးရွယ်အို မဲဆန္ဒရှင်များမှ ကြိုတင် မဲစတင်ပေး လျက်ရှိကြောင်း သိရသည်။

သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲမဲရုံများသို့ ကြိုတင်ဆန္ဒမဲလာပေးရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်၊ နှာခေါင်းစည်းများတို့ကို မဲရုံအဝင် ဝများ၌ ထားရှိပေးထားကြောင်း သိရသည်။

ယင်းအပြင် မဲရုံသို့  ကြိုတင်ဆန္ဒမဲလာရောက်ပေးနိုင်ခြင်းမရှိသည့် သူများကို အိမ်တိုင်ရာ ရောက် ကြိုတင်မဲပေးနိုင်အောင် စီစဉ်ပေးထားပြီး ကြိုတင်ဆန္ဒမဲပေးခြင်းကို သတ်မှတ်ရက်အတွင်း နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဆန္ဒမဲပေး နိုင်ကြောင်း သိရသည်။

ပေါင်မြိုနယ်တွင် မဲရုံ(၉၇)ရုံရှိပြီး အသက်(၆၀)နှစ်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ (၂၇၀၉၆)ဦးအပါအဝင် မဲပေးခွင့်ရှိသူ နှစ်သိန်း ကျော်ရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တို ဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ မဲပေးနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲမှ သိရသည်။

ကိုဟိန်း(ပေါင်)