ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019 (COVID -19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပုသိမ်     အောက်တိုဘာ     ၂၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိရာ ယ​နေ့ နံနက် ၁၀:၃၀ အချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၊  အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအ​ဝေး (၅၁/၂၀၂၀)အား ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် ကော်မတီဝင်များဖြစ်ကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတွဲဖက် အတွင်းရေးမှူး၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းထွန်းအောင်၊ တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာလှိုင်က တိုင်းဒေသကြီးအတွင်း (COVID-19)ရောဂါထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှု အခြေအနေများကိုလည်း​ကောင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွန်းအောင်က တိုင်းဒေသကြီးအတွင်း (COVID-19) ရောဂါဖြစ်ပွားမှုနှင့် ပျောက်ဆုံးမှု အခြေအနေများ၊ ကုသမှုခံယူနေဆဲ လူနာများ၏ အခြေ အနေများ၊ ကွင်းဆက်လူနာများ နှင့်သံသယ လူနာများအား စောင့်ကြည့် နေမှုအခြေအနေများ၊ တိုင်းဒေသကြီးအတွင်းသို့ ဝင်/ထွက်သည့် ဂိတ်များတွင် (COVID-19) ရောဂါ စစ်ဆေးနေမှုအခြေ အနေများနှင့် ဓါတ်ခွဲစစ်ဆေးမှု အခြေအနေ များအားလည်း​ကောင်း တင်ပြဆွေးနွေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ရွှေးကောက်ပွဲကျင်းပနိုင်ရေးနှင့် ပတ်သက်၍ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း​ကောင်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးက ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပြည့်စုံမှုမရှိသည့် မြို့နယ်များတွင် မဲရုံများ၌ Volunteer များအား တာဝန်ပေးအပ်နိုင်ရေး စီမံဆောင် ရွက်ထားရှိမှု အခြေအနေများနှင့် Volunteer လိုအပ်ချက် အခြေအနေများကိုတင်ပြဆွေးနွေးခဲ့ပြီး၊ တက်ရောက် လာကြသော တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ဆန်စပါးနှင့်အခြားသေကုန်စည်များ ပြတ်လပ်မှု မရှိစေရေးကိစ္စရပ်များ၊ ၊ Social distancing နှင့် အညီ ​ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အသေးစိပ် အပြန် အလှန်ဆွေးနွေး၊ ဆုံးဖြတ်ခဲ့ကြပြီး​နောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

မြင့်ဟန် (ပုသိမ်ခရိုင်၊ ပြန်/ဆက်)