ကမာရွတ် အောက်တိုဘာ ၂၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အသက် ၆၀ နှစ်အထက် မိဘပြည်သူများအား ယနေ့ နံနက် ၈ နာရီမှစ၍ ညနေ ၆ နာရီ အထိကြိုတင် ဆန္ဒမဲပေးနိုင်ကြောင်းသိရသည်။
အဆိုပါ ကြိုတင်မဲလက်မှတ်များ ထည့်သွင်းနိုင်ရေးဆောင်ရွက်ရာတွင် ရပ်ကွက်ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပါတီကိုယ်စားလှယ်များက ကြိုတင်မဲလက်မှတ် ထည့်မည့် ပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်း၊ ကြိုတင်မဲလက် မှတ် စနစ်တကျ ထည့်သွင်းစေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများအား ကြိုတင် မဲပေးနိုင်ရေး ဆောင်ရွက်ခဲ့သည်။
ကမာရွတ်မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၀ ရပ်ကွက်ရှိပြီး မဲရုံ ၃၇ ရုံ ထားရှိသွားမှာဖြစ်ကာ မဲပေးနိုင်သူ( ၆၄၈၂၅) ဦးခန့်ရှိပြီး အသက် ၆၀ နှစ်အထက် ကြိုတင်မဲလာရောက်ပေးနိုင်သူမှာ ( ၂၆၀၀၀) ကျော်ခန့် ရှိ ကြောင်း သိရှိရသည်။
စိမ်းလဲ့(ပြန်/ဆက်)