မင်းလှ(အောက်) အောက်တိုဘာ ၂၉
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲများစတင်ပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်မှ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးရာတွင် အသက် (၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ၊ မဖြစ်မနေ ခရီးသွားလာရမည့်သူများ၊ မဲစာရင်းပါရှိရာဒေသတွင် တာဝန်ထမ်းဆောင်ရမည့် နိုင်ငံ့ဝန်ထမ်းများတို့က ကြိုတင်ဆန္ဒမဲများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ ၂၉ ရက်နေ့မှနိုဝင်ဘာလ ၅ ရက်နေ့ထိ နေ့စဥ်နံနက်(၈) နာရီမှ ညနေ (၄) နာရီထိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များအညီ စတင် မဲပေးနိုင်ကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာလ ၆ ရက် နှင့် ၇ ရက်တို့တွင် မဲရုံသို့မဲပေးရန်မလာရောက်နိုင်သော အနာကြီးရောဂါစွဲ ကပ်နေသူများ၊ နေအိမ်တွင်မီးဖွားနေသူများ၊ နာမကျန်းဖြစ်နေသူများ၊ မသန်းမစွမ်းသူများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတတ်နေရသူများ၊ ကန့်သတ်စောင့်ကြည့်ထားသည့်နေရာတွင် တွင် စောင့်ကြည့်ခံရသူများတို့ကို ကြိုတင ်မဲပေးနိုင်ရန် အိမ်တိုင်ရာရောက် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ရပ်ကွက်/ကျေးရွာပေါင်း (၆၆)အုပ်စုတွင်ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး (၆၆) ရုံဖွင့်လှစ်ထားပြီး၊ အသက်(၆၀)နှစ် အထက်သက်ကြီးရွယ်အိုများ ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၁၄၂) ဦးကြောင်းသိရသည်။
ပေါက်စ (မင်းလှ)