လဟယ် အောက်တိုဘာ ၃၀
စစ်ကိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်တွင် အသက်(၆၀)နှစ် အထက်ရှိသူများအား ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲကို ယမန်နေ့နံနက်ပိုင်းမှစ၍ စတင်ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကြိုတင်မဲစတင်ပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် ဖြစ်သော တာလံရပ်ကွက်၊ မြို့မရပ်ကွက်၊ တိုးချဲ့(၁)ရပ်ကွက်၊ တိုးချဲ့(၂)ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၏ ရှေ့တွင် အသက်(၆၀)အထက် သက်ကြီးဘိုးဘွားများက ကြိုတင်မဲပေးခဲ့ကြောင်း သိရသည်။
ပါမင်းလှိုင်(ပြန်/ဆက်)