ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများ စတင်ပေး

ကျောက်တန်း အောက်တိုဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၉  က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြိုတင်ဆန္ဒမဲပေးရာတွင်  အသက်(၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံအသီးသီးတွင် တာဝန် ထမ်းဆောင် ကြရမည့် ဝန်ထမ်းများအနေဖြင့်  ကြိုတင်ဆန္ဒမဲများ ပေးနိုင်ရန်အတွက် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ  နံနက် ၉ နာရီမှ  ညနေ ၄ နာရီအထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲပေးနိုင်ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သော မဲဆန္ဒရှင် သက်ကြီးရွယ်အိုများအား ဆန္ဒမဲပေးနိုင်ရန်အတွက် ရွေ့လျားမဲရုံစနစ်ဖြင့် အိမ်တိုင်ရာရောက် လှည့်လည်ကာ ဆန္ဒမဲများ ကောက်ယူလျက်ရှိပြီး ဆန္ဒပြုရာတွင်လည်း အမှန်ခြစ်တံဆိပ်တုံးဖြင့်သာ ဆန္ဒပြုရမည်ဖြစ်ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင်  မဲရုံပေါင်း (၁၉၂) ရုံရှိပြီး ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူပေါင်း တစ်သိန်း၊ သုံးသောင်းကျော် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)