မန္တလေး အောက်တိုဘာ ၃၀
မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ အကွက် (၆၂၁)၊ ၂၉ လမ်း၊ ၇၈ လမ်းနှင့် ၈၀ လမ်းကြား ဟေမာဇလရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ခုတွင် ယနေ့ နံနက် ၂ နာရီ ၃၇ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ရခြင်းမှာ စားသောက်ဆိုင်၏ အနောက်ဘက် အလုပ်သမားအိပ်ဆောင်တွင် အလုပ်သမားများမှ ကြွပ်ကြွပ်အိတ်ထဲသို့ ဖုန်း ၂ လုံးထည့် အားသွင်းရာမှ အပူလွန်ကဲပြီး အောက်ရှိ ဂျပ်ဖာအဟောင်းများပေါ်သို့ ပြုတ်ကျကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုကြောင့် ၂၅ ပေ × ၂၀ ပေ ရှိ အလုပ်သမား အိပ်ဆောင်နှင့် မီးဖိုဆောင်၊ အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည်။
အဆိုပါ မီးလောင်မှုသည် နံနက် ၂ နာရီ ၃၇မိနစ်ခန့်တွင် စတင်လောင်ကျွမ်းပြီး နံနက် ၃ နာရီ ၁၇ မိနစ်ခန့်တွင် ငြှိမ်းသတ် နိုင်ခဲ့ ကြောင်းနှင့် Level 2 အဆင့်ရှိပြီး မီးသတ်ယာဉ် ၂၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ ရေသည်ယာဉ် ၅ စီး၊ သန္ဓေ ၆၀ ဦး၊ အရန် ၁၃၀ ဦး ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်