မိုးညှင်း အောက်တိုဘာ ၂၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ယနေ့နံနက် ၉ နာရီမှစ၍ အောင်သပြေရပ်ကွက်ရှိ မဲရုံအမှတ် ၉ နှင့် မဲရုံအမှတ် ၁၀ တို့ရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အသက် ၆၀ နှစ်နှင့် အထက်အသက်အရွယ်ကြီးရင့်သူ ၆၀၀ကျော်ကြိုတင် ဆန္ဒမဲပေးခြင်းကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေး နည်းလမ်းများနှင့်အညီ ကြိုတင် ဆန္ဒမဲပေးခဲ့ကြောင်းသိရသည်။
မိုးညှင်းမြိုနယ် အနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at home)အစီအစဉ်တွင် အကျုံးဝင်သဖြင့် အသက် ၆၀ နှစ် နှင့် အထက်အသက်အရွယ်ကြီး ရင့်သူများကို ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက် ရှိရာမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ၆၀ တွင် ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ထား ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ ၂၉ရက်နေ့မှ နိုဝင်ဘာလ၅ရက်နေ့ အထိ သက် ဆိုင်ရာမဲဆန္ဒနယ် အသီးသီးရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင် ဆန္ဒမဲပေးနိုင်မည်ဖြစ်ပြီး မိုးညှင်းမြို့နယ် အနေဖြင့် အသက်၆၀နှစ်နှင့် အထက်အသက်အရွယ်ကြီးရင့်သူ ကြိုတင်မဲဆန္ဒရှင် ၂၀၈၃၄ ဦးရှိ ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ရုံးမှ သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)