တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကြိုတင်မဲပေးခွင့်ရှိသူများနှင့် အသက်(၆၀)နှစ်နှင့်အထက် အဘိုးအဘွားများ စတင်မဲပေး

ကျွန်းစု အောက်တိုဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပမည့် အထွေထွေရွေးကာက်ပွဲကြီးအတွက် ကြိုတင်မဲပေးခွင့်ရှိသူများ၊ အသက် (၆၀)နှင့်အထက် အဘိုးအဘွားများ ယနေ့နံနက်ပိုင်းမှစ၍ ကြိုတင်မဲများ စတင်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ကြိုတင်မဲပေးရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လူစုလူဝေးမဖြစ်ပွားရန် Social Distancing နှင့်အညီ ဆောင်ရွက်ပေးခြင်း၊ မဲရုံအဝင်ဝ၌ ကိုယ်အပူချိန် တိုင်းပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ မဲရုံသို့ မလာရောက်နိုင်သော အသက် (၆၀)နှင့်အထက် အဘိုးအဘွားများအား နေအိမ်၌ ကြိုတင်မဲ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အိမ်တိုင်ရာအရောက် သွားရောက်ပြီး ဆောင်ရွက်ပေးခဲ့ကြောင်း၊ နေအိမ်၌ ကြိုတင်မဲပေးရာတွင် ပေါက်ကြားမှု မရှိစေရေး၊ လုံခြုံမှု ရှိစေရေး အတွက် ပါတီဝင်များအရှေ့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကြိုတင်မဲပေးခွင့်ရှိသူများအနေဖြင့် အောက်တိုဘာ(၂၉)ရက်နေ့မှ နိုဝင်ဘာ(၇)ရက် နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရှိ မဲရုံများတွင် ကြိုတင်မဲပေးနိုင်ပြီး အသက်(၆၀) နှင့်အထက် အဘိုးအဘွားများ၊  ကျန်းမာရေး အခြေအနေကြောင့် ကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိသော ပြည်သူများရှိပါက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ အသိပေး အကြောင်းကြားနိုင်ကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ဝင် များက နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)